Seminar on “e-Commerce Payment Platforms for Digital Economy” (15th March 2019)
Date: 15th March 2019
Time: 8:30am to 1pm (8am Guests arrival and registration)
Venue: Mingalar Hall, First Floor, UMFCCI Tower, Min Ye Kyaw Swar Road, Yangon.
ရက်စွဲ ၊ ၂၀၁၉ခုနှစ် မတ်လ (၁၅)ရက်
အချိန် ၊ နံနက် ၈း၃၀နာရီမှ နေ့ခင်း ၁ နာရီ အထိ (နံနက် ၈နာရီ ကြိုတင်နေရာယူရန်)
နေရာ ၊ မင်္ဂလာခန်းမ၊ ပထမထပ်၊ UMFCCI Tower ၊ မင်းရဲကျော်စွာလမ်း၊ ရန်ကုန်မြို့။
မကြာမီ တည်ထောင်တော့မည့် Digital Economy Association နှင့် ကုန်သည်/စက်မှုအသင်းချုပ်တို့ ပူးပေါင်း၍ “e-Commerce Payment Platforms for Digital Economy” seminar ကို ၂၀၁၉ခုနှစ် မတ်လ (၁၅)ရက်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် e-Commerce Payment Platform အား လေ့လာနိုင်ရန်နှင့် ပြည်တွင်းရှိ Payment Platforms ဆိုင်ရာကိစ္စများကို Awareness ဖြစ်စေရန် ရည်ရွယ်၍ Seminar on “e-Commerce Payment Platforms for Digital Economy” ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ် မည်ဖြစ်ပါသည်-
ကျင်းပမည့်နေ့ရက် - ၁၅.၃.၂၀၁၉ ရက် (သောကြာနေ့)
ကျင်းပမည့်အချိန် - နံနက် ၈း၃၀ နာရီမှ နေ့လည် ၁း၀၀ နာရီအထိ
ကျင်းပမည့်နေရာ - မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်။
ဟောပြောပွဲတွင် စင်ကာပူနိုင်ငံမှ NETS (payment ကုမ္ပဏီကြီး)၏ Group CEO ဖြစ်သူ Mr. Jeffrey GOH က စင်ကာပူနိုင်ငံ၏ electronic payments များဆိုင်ရာ အတွေ့အကြုံများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပြီး ယင်းနှင့်အတူ Group CTO ဖြစ်သူ Mr. David WOO တို့က တက်ရောက်လာသည့် ပရိသတ်များ သိလိုသည်များကို ဖြေကြားသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက် (MIT ၏ CEO) ကလည်း မြန်မာနိုင်ငံ၏ လက်ရှိ e-commerce payment platform များနှင့် ပတ်သက်သည့် အခြေအနေများကို ဆွေးနွေးမည် ဖြစ်ပါသည်။
ထို့နောက်တွင် e-commerce payment platform များ ဖွံ့ဖြိုးလာနိုင်ရေးအတွက် လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမည့် စကားဝိုင်းကို ဆက်လက်ကျင်းပမည်ဖြစ်ရာ ဦးဆောင်မေးမြန်းသူ Moderator အဖြစ် ThitsaWorks ၏ CEO ဖြစ်သူ ဦးညီငြိမ်းအေးက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အောက်ပါ ကျွမ်းကျင်သူများက စကားဝိုင်း ဆွေးနွေးသူများအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Panelists:
1. Dr. Tun Thura Thet, Vice President, MCF & Central Executive Committee, UMFCCI
2. U Myo Khaing Win, Deputy Director, Department of Trade, Ministry of Commerce
3. Mr. Brad Jones, CEO, Wave Money
4. U Zaw Lin Aung, MD, KBZ Bank & Co-Founder of KBZ Pay
5. U Zaw Lin Htut, CEO, MPU
6. Mr. David Woo, Group CTO, NETS (Singapore)
သို့ဖြစ်ပါ၍ အဆိုပါ Seminar သို့ စိတ်ပါဝင်စားသူများမှ တက်ရောက်နိုင်ပါရန်နှင့် တက်ရောက်မည်ဆိုပါက အမည်စာရင်းကို ကုန်သည်စက်မှုအသင်းချုပ် အသင်းသားရေးရာဌာန Phone: 01-2314344~49, Ext: 118, Email: ma@umfcci.com.mm သို့ ၁၃.၃.၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ဆောလျင်စွာ ပေးပို့ပေးနိုင်ပါရန် အကြောင်းကြားဖိတ်ကြား အပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်