ဒီဂျစ်တယ်စီးပွားရေးစနစ်ဖွံ့ဖြိုးမှု အကြောင်းဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ပြောကြား

ဒီဂျစ်တယ်စီးပွားရေးစနစ်ဖွံ့ဖြိုးမှုမှသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အင်အားတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ပြောကြား

၁၅ မတ် ၂၀၁၉၊ ရန်ကုန်

ကုန်သည်စက်မှုအသင်းချုပ်မှ ကြီးမှူး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Digital Economy Association (MDEA) တို့ ပူးပေါင်း၍ မတ်လ (၁၅)ရက်နေ့ တွင် Seminar on E-COMMERCE PAYMENT PLATFORMS FOR DIGITAL ECONOMY ကို ကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေးစနစ်ဖွံ့ဖြိုးမှုမှသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အင်အားတစ်ရပ်ဖြစ်စေပါကြောင်း နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေမှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ဒီဂျစ်တယ်စီးပွားရေးစနစ်ဖွံ့ဖြိုးဖို့ကို Public Private Partnership ပူးပေါင်း ဆောင်ရွက်ရန် အသင်းချုပ်မှဦးဆောင်၍ ၂၀၁၈ခုနစ် E-COMMERCE လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ ပါကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံ NETS (payment ကုမ္ပဏီကြီး)၏ Group CEO ဖြစ်သူ Mr.Jeffrey GOH က စင်ကာပူနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့ရာ စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ စားသုံးသူများ၏ ငွေပေးချေမှုအပေါ်အမြင်များ၊ စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ အဓိကအသုံးပြုမှုနည်းစနစ်များ၊ စင်ကာပူနိုင်ငံအနေဖြင့် ရှေ့ဆက်အသုံးပြုမည့် ငွေပေးချေမှုဆိုင်ရာ နည်းစနစ်များကို မျှဝေခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူဦးရေ သန်းငါးဆယ်ကျော်တွင် ဘဏ်အကောင့်ဖွင့်လှစ်၍အသုံးပြုသူမှာနည်းပါးနေဆဲဖြစ်ပြီး ငွေရေးကြေးရေး ဝန်ဆောင်မှုများကို အသုံးပြုသည်မှာလည်း အားနည်းနေဆဲဖြစ်သည်။

Myanmar Computer Federation ဒုတိယဥက္ကဋ္ဌ နှင့် အသင်းချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာထွန်းသူရသက်မှ အွန်လိုင်းငွေပေးချေမှု ကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို Financial Institutionများ ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍနှင့် လုပ်ငန်းကဏ္ဍအားလုံးမှ ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။ မြန်မာပြည်တွင် E-Commerce လွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် အဆင့်များ များနေခြင်း၊ ဒီဂျစ််တယ် နည်းပညာကို ပိုမိုသိဖို့လိုအပ်နေခြင်း၊ ဒီီဂျစ်တယ်လုံခြုံမှုနှင့် ဒီီဂျစ်တယ် ငွေပေးချေမှုအပေါ် ပြည်သူများ၏ ယုံကြည်စိတ်ချရမှုများ လိုအပ်ခြင်းတို့သည် စိန်ခေါ်မှုအနေဖြင့် ရှိနေခြင်းတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် Myanmar QR Code Standard အကောင်အထည်ဖော်ရန်ရှိမှုများ၊ ငွေပေးချေမှုဆိုင်ရာ နည်းပညာများအဖြစ် ငွေကြေးအသုံးပြုရာကတဆင့် ကဒ်စနစ် ထိုမှတဆင့် Qrcode ၊ Biometric ၊ Smart Contract စသည့် အသုံးပြုမှုစနစ်အထိ နည်းပညာများ ထပ်မံတိုးတက်ရန်ရှိမှုများအကြောင်းကို ဒေါက်တာထွန်းသူရသက်က ဆွေးနွေးခဲ့သည်။

E-Commerce Payment Platform များ ဖွံ့ဖြိုးလာနိုင်ရေးအတွက် လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည့် စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ e-Commerce ငွေပေးချေမှု နည်းပညာတွင် အများပြည်သူအားလုံး ၁၀၀% ပါဝင်အသုံးပြုစေချင်ကြောင်း၊ ကွာဟမှုကို ဆန်းစစ်ဖို့သည် အရေးကြီးကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးဆီ သွားဖို့လိုအပ်နေသည့်အတွက် ဒီဂျစ်တယ်နည်းပညာကို ပိုမိုသိရှိဖို့ လိုအပ်နေပါကြောင်း ဟု တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

Next
Next

Seminar on “e-Commerce Payment Platforms for Digital Economy” (15th March 2019)