About MDEA

အသင်း၏ အကြောင်း

Formation of MDEA, with Full Support from UMFCCI

MDEA was first established as a cluster under the UMFCCI, and subsequently became a full fledged association, with full support of the Ministry of Commerce, the Government of Republic of the Union of Myanmar.

မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ကို ကုန်သည်စက်မှုအသင်းချုပ်အောက်တွင် အစုအဖွဲ့တစ်ခု အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ကုန်သည်စက်မှုအသင်းချုပ်၏ ပံ့ပိုးကူညီမှုတို့ဖြင့် တရားဝင် အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။

mdea certificate.jpg

Myanmar Digital Economy Association Inc. was registered by licence as an association (company limited by guarantee) under the Myanmar Companies Law 2017 on 15 August 2019.

Establishment of MDEA

မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ရက်နေ့တွင် လုပ်ငန်းလိုင်စင်နှင့် အတူ ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပါသည်။

MDEA’s Objectives

Myanmar Digital Economy Association (MDEA) was established as a non-profit and non-governmental organization, with the following objectives:

 

MDEA as Enabler

  • Enabling Digital Economy Ecosystem

  • Enabling innovation for traditional businesses through digital platforms

 

Equal Opportunities

  • Providing equal opportunities and reducing abuse and unfair practice

Increasing Access

  • Increasing access to market for micro, small and medium enterprises (MSME)

 

Capacity Building

  • Capacity building of digital professionals and education of consumers

Policy and Advocacy

  • Promotion and advocacy for digital economy industry development

  • Research and advocacy for policy and legal matters

 

Trust

  • Developing security, trust and confidence

အသင်း၏ ရည်ရွယ်ချက်များ

မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်−

(၁) ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ စနစ်တကျရှင်သန်ဖွံ့ဖြိုးလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ပတ်ဝန်ကျင်အခြေခံကောင်းများ ဖန်တီးပေးနိုင်မည့်ဂေဟစနစ်ပေါ်ထွန်းလာစေရန်။

(၂) သမာရိုးကျစီးပွားရေးလုပ်ငန်းမှ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် စီးပွားရေးလုပ်ငန်းအဆင့်သို့ ဒီဂျစ်တယ်ကဏ္ဍကိုအသုံးပြု၍ မြှင့်တင်ဆောင်ရွက်ရန်။

(၃) အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေဖေါ်ထုတ် ဖန်တီးပေးနိုင်မည့် အခြေအနေအခွင့်အလမ်းများကိုဖေါ်ဆောင်ရန်။

(၄) ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်သုတေသန လုပ်ငန်းများလုပ်ဆောင်ရန်နှင့်မူဝါဒများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း စည်းကမ်း များပြဋ္ဌာန်းသတ်မှတ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

(၅) ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်။

(၆) ဒီဂျစ်တယ်စီးပွားရေးကဏ္ဍရှိလုပ်ငန်းများအကြား စီးပွားရေးလုပ်ကိုင်ရာတွင် မျှတသည့်အကျိုးစီးပွား အခွင့်အလမ်းကိုဖေါ်ဆောင်ရန်နှင့် မလျော်မကန်လုပ်ကိုင်ဆောင်ရွက်မှုများ လျော့နည်းပပျောက် စေရန်။

(၇) အများပြည်သူသို့ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍနှင့်စပ်လျဉ်း၍ ပိုမိုသတိပြုနားလည်လာစေရေးအတွက် အသိပညာပေး အစီအစဉ်များလုပ်ဆောင်ရန်နှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍနှင့် သက်ဆိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်။

(၈) ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မည့် လုံခြုံရေးကောင်းမွန်သော ဒီဂျစ်တယ်စီးပွားရေးကဏ္ဍပေါ်ထွန်း လာစေရန်။ 

Canva - Woman Using Smartphone.jpg

MDEA’s Aims

MDEA aims to develop the nation’s digital economy and actively participate in advocacy and police for improving digital trade, digital business and other relevant digital sectors.

အထက်ပါရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စေရန် အလို့ငှာလည်းကောင်း၊ နိုင်ငံတော်၏ စီးပွားရေး တိုးတက် ဖွံ့ဖြိုးစေရန် အလို့ငှာလည်းကောင်း၊ စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခြေအနေအချိန်အခါအလျောက် အပြုသဘောဆောင်သည့် ထင်မြင်ယူဆချက်များအတိုင်း တင်ပြအဆိုပြု ခြင်း၊ဖော်ထုတ်ခြင်းနှင့် ဖြစ်မြောက်အောင်ဆောင်ရွက်ခြင်းအလို့ငှာလည်းကောင်း ဤအသင်းကိုတည်ထောင် ခြင်း ဖြစ်သည်။

 အသင်း၏ လုပ်ငန်းတာဝန်များ

မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

(၂) စီးပွားရေးလုပ်ငန်းများ အဆင့်မြင့်မားရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့် အကျင့်သိက္ခာ ထိန်းသိမ်းရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။

(၃) အပြည်ပြည်ဆိုင်ရာ ဒေသဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း။

(၄) ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြည်ပနည်းပညာများ၊ အတတ်ပညာများ လွှဲပြောင်းရယူနိုင်ရေး အတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ပြုလုပ်ခြင်း။

(၅) အသင်းသားများနှင့် အစိုးရဌာန၊ အဖွဲ့အစည်းများကြား၊ အသင်းသားများနှင့် ပြည်ပမှ စီးပွားရေး အဖွဲ့အစည်းများကြား အတွေ့အကြုံနှင့် အမြင်သဘောထားများဖလှယ်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးခြင်း။

(၆) အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ညှိနှိုင်းဖျန်ဖြေပေးခြင်း။